Coffee break တွင် အောင်ဇော် နှင့် ကိုဖြိုး တို့ စကား ပြော ဖြစ် ကြ သည်။
အောင်ဇော်း ငါ ညကျောင်း တက်နေတာ ၅ လ လောက်ရှိပြီ။ နောက်လ ငါ့ စာမေး ပွဲ ကွ။
ကိုဖြိုးး အင်း။
အောင်ဇော်း မင်း Graham Bell ကိုသိလား။
ကိုဖြိုးး မသိဘူး။
အောင်ဇော်း သူက Telephone ကို ၁၈၇၆ က တီထွင် တဲ့သူလေကွာ။ အဲဒါကြောင့် မင်းကို ငါပြောတာ ညကျောင်းတက်ပါလို့။ ညကျောင်းတက် ရင် မင်း အဲ့ဒါ တွေသိရ မှာ။
နောက်တနေ့ Coffee break တွင် လည်း
အောင်ဇော်း မင်း Alexander Dumas ကိုသိလား။
ကိုဖြိုးး မသိဘူး။
အောင်ဇော်း သူက စာရေး ဆရာလေ The 3 Musketeers ကို ရေး တဲ့သူလေကွာ။ ညကျောင်းတက် ရင် မင်း အဲ့ဒါ တွေသိရ မှာ။
နောက်တနေ့တွင်လည်း
အောင်ဇော်း မင်း Jean Jacques Rousseau ကိုသိလား။
ကိုဖြိုးး မသိဘူး။
အောင်ဇော်း သူက စာရေး ဆရာလေ Confessions ကို ရေး တဲ့သူလေကွာ။ ညကျောင်းတက် ရင် မင်း အဲ့ဒါ တွေသိရ မှာ။
အဲဒီအချိန် မှာ သီး မခံ နိုင်တော့ တဲ့ ကိုဖြိုး က ချက်ချင်း ပဲ မေးခွန်း မေးလိုက်တယ်။
ကိုဖြိုးး မင်း ရေနံသာ မောင်မောင်တုတ် ကို သိလား။
အောင်ဇော်း ဟေ ငါ မသိ ဘူး ကွ။ သူလဲ နာမည် ကြီး တာပဲလား။
ကိုဖြိုးး နာမည်ကြီး မကြီးတော့ မသိဘူး။ မင်း ညကျောင်းသွား တက် တဲ့ နေ့တိုင်း မင်း အိမ်ထဲကို မင်းမိန်းမ နဲ့ လက်ချင်းချိတ်ပြီး ၀င်ဝင်သွားတာ တွေ့တာပဲ။
0 comments:
Post a Comment
ဘယ်လိုတွေးလည်း