အချစ်အတွေး - ၁

"Men always want to be a woman's first love Women like to be a man's last romance."
Oscar Wilde

Oscar Wilde ရဲ့ အချစ် နဲ့ ဆိုင်တဲ့ အတွေး လေး ပါ။

ည ကျောင်း

Coffee break တွင် အောင်ဇော် နှင့် ကိုဖြိုး တို့ စကား ပြော ဖြစ် ကြ သည်။

အောင်ဇော်း ငါ ညကျောင်း တက်နေတာ ၅ လ လောက်ရှိပြီ။ နောက်လ ငါ့ စာမေး ပွဲ ကွ။
ကိုဖြိုးး အင်း။
အောင်ဇော်း မင်း Graham Bell ကိုသိလား။
ကိုဖြိုးး မသိဘူး။
အောင်ဇော်း သူက Telephone ကို ၁၈၇၆ က တီထွင် တဲ့သူလေကွာ။ အဲဒါကြောင့် မင်းကို ငါပြောတာ ညကျောင်းတက်ပါလို့။ ညကျောင်းတက် ရင် မင်း အဲ့ဒါ တွေသိရ မှာ။

နောက်တနေ့ Coffee break တွင် လည်း

အောင်ဇော်း မင်း Alexander Dumas ကိုသိလား။
ကိုဖြိုးး မသိဘူး။
အောင်ဇော်း သူက စာရေး ဆရာလေ The 3 Musketeers ကို ရေး တဲ့သူလေကွာ။ ညကျောင်းတက် ရင် မင်း အဲ့ဒါ တွေသိရ မှာ။

နောက်တနေ့တွင်လည်း

အောင်ဇော်း မင်း Jean Jacques Rousseau ကိုသိလား။
ကိုဖြိုးး မသိဘူး။
အောင်ဇော်း သူက စာရေး ဆရာလေ Confessions ကို ရေး တဲ့သူလေကွာ။ ညကျောင်းတက် ရင် မင်း အဲ့ဒါ တွေသိရ မှာ။

အဲဒီအချိန် မှာ သီး မခံ နိုင်တော့ တဲ့ ကိုဖြိုး က ချက်ချင်း ပဲ မေးခွန်း မေးလိုက်တယ်။

ကိုဖြိုးး မင်း ရေနံသာ မောင်မောင်တုတ် ကို သိလား။
အောင်ဇော်း ဟေ ငါ မသိ ဘူး ကွ။ သူလဲ နာမည် ကြီး တာပဲလား။
ကိုဖြိုးး နာမည်ကြီး မကြီးတော့ မသိဘူး။ မင်း ညကျောင်းသွား တက် တဲ့ နေ့တိုင်း မင်း အိမ်ထဲကို မင်းမိန်းမ နဲ့ လက်ချင်းချိတ်ပြီး ၀င်ဝင်သွားတာ တွေ့တာပဲ။

ညဏ်စမ်းပုစ္ဆာ

ကြိက်တဲ့ သင်္ချာ operator (+, -, x,/, square under root) တွေသုံးပြီး အောက်က ပြသနာလေး ဖြေရှင်းကြ ရအောင်-

1 1 1 = 6

2 2 2 = 6

3 3 3 = 6

4 4 4 = 6

5 5 5 = 6

6 6 6 = 6

7 7 7 = 6

8 8 8 = 6

9 9 9 = 6

အဖြေလားး ကျွန်တော် လည်း မသိးဘူး :)။

ကျွန်တော် နှင့် ကျွန်တော့် အတွေးများ - မွေးဖွားခြင်း

ကျွန်တော့ မွေးနေ့ မှာ blog လေး တစ်ခု စတင် မွေးဖွား လိုက်ပါတယ်။ လွန်ခဲ့ နှစ်ပေါင်း ၂၆ နှစ် ဒီအချိန်မှာ လူ့ဘ၀ ထဲကို ကျွန်တော် ရောက်ရှိခဲ့ သလို။ အခု လဲ ဒီ blog လေး ကို blog လောက ထဲ ကို ပို့ ပေး လိုက်တာပါ။ လာရောက် လည်ပတ် တဲ့ သူတိုင်း ဒီ နေရာလေး ကနေ တစ် ခုခု ရသွား စေချင်တဲ့ စေတနာလေး နဲ့ လုပ်ဖြစ်သွားတာပါ။


လာလည်တဲ့သူတိုင်းကို
ကျေးဇူးတင်လျက်။

Knowledgesharing Man
(knowledgesharingman@gmail.com)